Thursday, February 13, 2020
How to Prepare for IELTS Writing
IELTS writing ကတော့ ဖြေဆိုချိန် ၁ နာရီဖြစ်ပြီး Task 1 နဲ့ Task 2 ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ် ။Task 1ကို မိနစ် ၂၀ ဖြေရမှာဖြစ်ပြီး at least 150 words ရေးရမှာဖြစ်ပါတယ် ။ Task 2 ကတော့ မိနစ် ၄၀ ဖြေဆိုရမှာဖြစ်ပြီး at least 250 words ရေးရမှာဖြစ်ပါတယ် ။ ( စာအရမ်းရှည်သွားမှာစိုးလို့ task 1 နဲ့ task 2 က ဘာတွေလဲ ဘယ်လိုဖြေရမလဲဆိုတာကိုတော့ post နောက်တစ်ခုနဲ့ မျှဝေပေးပါမယ် )
💡Writing Improve ဖြစ်အောင် ဘာတွေလုပ်ရမလဲ ?
ဖူး လုပ်ခဲ့တာကတော့ formal style နဲ့ အင်္ဂလိပ်လိုရေးထားသမျှစာတွေကို topic စုံအောင် အားရင်အားသလို ဖတ်တာပါပဲ ။ အထူးသဖြင့် wrting task 2 မှာ topic က ဘာမဆိုလာနိုင်ပါတယ် ။ စာအစုံကို ဖတ်ထားတဲ့ input များများ ရှိထားမှသာ ဘာ topic ပဲလာလာ ကိုယ့်မှာ idea တွေရှိနေမှာဖြစ်သလှိုိ ရှိတဲ့idea တွေကိုထိထိမိမိရေးသားဖော်ပြနိုင်ဖို့အတွက် လိုအပ်တဲ့ topic-related vocabulary တွေလည်းအဆင်သင့်ရှိနေမှာ ဖြစ်ပါတယ် ။ ဒါမှသာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အခက်အခဲမရှိ သေချာဖြေဆိုနိုင်မှာပါ။
📚 ဘယ်စာအုပ်တွေဖတ်သင့်လဲ ?
များသာအားဖြင့် ဖူးကတော့ Readers' Digest ၊ BBC news ၊ VOA news ၊ The Global New Light of Myanmar စတာတွေဖတ်ဖြစ်ပါတယ် ။ အခြားသော အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကိုလည်း အလျင်းသင့်သလို ဖတ်ပါတယ် ။ ဖတ်တဲ့အခါမှာလည်း notebook တစ်ခု ဘောပင်တစ်ချောင်းဆောင်ထားပြီး ကိုယ် သဘောကျမိတဲ့ အသုံးအနှုန်းလေးတွေ တွေ့ရင် note down လုပ်ထားပါတယ် ။ ကိုယ်မသိတဲ့ စကားလုံးအသုံးအနှုန်းတွေကိုလည်း Oxford Advanced Learners' Dictionary နဲ့ check ပြီး vocab တွေရဲ့ collocation တွေရော example sentence တွေကိုပါ လေ့လာပြီး notebook မှာရေးမှတ်ပါတယ် ။ အခွင့်ကြုံတဲ့အခါ မှတ်ထားတဲ့ vocab တွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်သုံးပါတယ်။ အတိုပြောရရင်တော့ ဖူးက စု၊တု၊ပြု ဆိုတဲ့ method ကိုသုံးပါတယ်။ဖူးကတော့ နဂိုတည်းက English vocab တွေနဲ့ ပတ်သတ်လာရင် obsessed ဖြစ်သူမို့လို့ ielts ဖြေမယ်လို့ မရည်ရွယ်ခင်ကတည်းက ကိုယ်ရဲ့ အကျွမ်းတဝင်မရှိတဲ့ vocab နဲ့ အသုံးအနှုန်း တွေကို note ရေးပြီး စုဆောင်းရတာ သဘောကျလို့ကိုပဲ အလေ့အကျင့်တစ်ခုအနေနဲ့ လုပ်နေမိခဲ့တယ် ။ အဲ့ အလေ့အကျင့်လေးကပဲ ielts ဖြေဖို့ ပြင်ဆင်တဲ့အခါ ဖူးအတွက် အထောက်အကူဖြစ်ခဲ့တယ်။
📚 Cambridge IELTS Exam-paper books တွေကို ဘယ်နှစ်အုပ်လောက် လေ့ကျင့်သင့်သလဲ ? ဘယ်လိုလေ့ကျင့်ရမလဲ ?
ဖူးကတော့ book 3 to 14 လေ့ကျင့်ခဲ့ပါတယ် ( အခုတော့ 15 အထိထွက်နေပါပြီ ) ။ အထူးသဖြင့် အဲ့စာအုပ်တွေထဲကမှ examiner ကိုယ်တိုင် ရေးထားတဲ့ writing sample answer တွေနဲ့ band 7 နှင့် အထက်ရထားတဲ့ sample answer တွေကို ဖတ်ပါတယ်။ ဖတ်တဲ့ အခါ ဘာအချက်တွေကြာင့် ဒီ essay က band 8 ရသွားတာလဲ စသဖြင့် မြင်အောင်ကြည့်ပါတယ်။ cadidate ရေးတဲ့ sample answer ဖတ်တဲ့အခါ error တချို့ရှိနေတတ်တဲ့ အတွက် အဲ့ error တွေကို မြင်အာင်လ့လာပြီး သူများအမှားကနေ learn လုပ်ပြီး ကိုယ့်ရဲ့ writing မှာ အလားတူ weak point မျိုး မရှိအာင် သတိထားပ်ါတယ်။ တချို့ writing တွေကို ကိုယ်တိုင် timer ထား ချရေးပြီး practise လုပ်ပါတယ်။ ချရေးတဲ့အခါ sample answer တွေကနေ learn လုပ်ထားတဲ့ knowledge ကို ပြန် apply လုပ်ပါတယ်။ ဖူးအမြင်မှာတော့ writing improve ဖြစ်ဖို့ဆိုရင် ကိုယ်ရေးထားတဲ့ writing တွေကို စစ်ပေးပြီး feedback သေချာပေးမယ့် ဆရာကောင်းလိုအပ်ပါတယ်။ ဖူးကတော့ ရေးပြီးတဲ့ writing တွေကို ဖူး IELTS သင်တန်းတတ်တဲ့ BSI Learning Academy က တီချယ်ကို ပြပါတယ်။ တီချယ်ပေးတဲ့ feedback တွေ ၊ tips တွေကြောင့် အချိန်တိုအတွင်း writing improve ဖြစ်ခဲ့တယ်။
💡 Cambridge book တွေက sample answer ကောင်း တွေအပြင် ဖူးကတော့ Google မှာလဲ band 9 writing sample answer တွေကိုအောက်ပါ link တွေမှာလည်း ဝင်ဖတ်ပါတယ်။
https://ieltsliz.com/ielts-sample-essay/
https://www.ieltspodcast.com/band-9-sample-essays/
https://www.ielts-practice.org/category/band-9-ielts-essays/
💻 YouTube မှာရော ဘာတွေ လေ့လာရမလဲ ?
ဖူးကတော့ You Tube မှာ IELTS tips and tricks video တွေလိုက်ကြည့်ပါတယ်။ video တွေထဲကမှ ဖူးကတော့ IELTS Liz နဲ့ EngVid channel က Emma တို့ရဲ့ video တွေကို ပိုသဘောကျလို့ ပိုကြည့်ဖြစ်ပါတယ်။ Liz နဲ့ Emma က ဖူးရဲ့ online teacher တွေလို့တောင် ပြောလို့ရပါတယ်။
💁♀️Line Graph ( writing task 1 ) by Liz
https://youtu.be/JxgA-qqw2m8
💁♀️Bar Graph (writing task 1 ) by Emma
https://youtu.be/QC8vN3GVQhI
💁♀️Pie Chart (writing task 1 )by Emma
https://youtu.be/wF_7ha05kxY
💁♀️Process (writing task 1 )by Emma
https://youtu.be/KNXvnbxU61w
💁♀️Map ( writing task 1 ) by Liz
https://youtu.be/PhVlFDNAmUQ
✅Writing Task 2 by Liz
How to write an introduction
https://youtu.be/YngqHl_BLOU
Expressing your opinion
https://youtu.be/SpAIW4p8wkw
Useful Academic Expressions
https://youtu.be/gCo9L1nLlQ0
✅Writing Task 2 by Emma
Paraphrasing the question
https://youtu.be/o9aVjBHEEbU
✅ How to score 8+ by Jay
https://youtu.be/Zx-JcXsbUqQ
🌟Writing အတွက် ဖူးလေ့လာဖြစ်တဲ့ course book တွေကိုတော့ ပုံတွေမှာ ကြည့်နိုင်ပါတယ်။ အင်းဝ ၊ စာပေလောက ၊ စိတ်ကူးချိုချို စသည့် စာအုပ်ဆိုင်များမှာ ဝယ်လို့ရပါတယ်။
✌ဖူးရဲ့ IELTS writing preparation အတွေ့အကြုံကို ဒီမှာပဲ ရပ်နားပါရစေ။ IELTS reading tips တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ။
https://m.facebook.com/story.php?story_fbid=756434844765973&id=100011983931754
ကျန်တဲ့ listening နဲ့ speaking preparation experience တွေကိုတော့ နောက်ရက်တွေမှာ post ထပ်ရေးပြီး ဆက်လက်မျှဝေသွားပါမယ်။
Stay tuned if you're interested in......
Wishing you best of luck for your IELTS test!🍀
Sharing is Caring...❤
Kyal Sin Phu ( ကြယ်စင်ဖူး )
31 December 2019
Subscribe to:
Post Comments (Atom)
Find your Element by Ken Robinson
Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...
-
" When you can collaborate with your mind and tell it what you want, you can get what you want . " ~ by Marisa Peer Takeaways ...
-
ကိုယ့်ကို တစ်စုံတစ်ယောက်က မေးခွန်းတစ်ခုခုမေးတဲ့အခါကိ ုယ်မသိဘူးဆိုတာကို "I don't know" လို့ပြန်မပြောဘဲ အင်္ဂလိပ်လို slang လေး...
-
📌 Take over Meaning : to take control of something (တာဝန်လွှဲပြောင်းမှု ရယူ) e.g. David has taken over as the new manager of the foot...





Truly helpful! Thank you so much for writing this!
ReplyDeleteThank you.
ReplyDelete