Thursday, January 28, 2021

Are you Nitpicking?

 လူအမျိုးမျိုး စိတ်အဖုံဖုံဆိုတဲ့ အတိုင်း တချို့သူတွေက အကောင်းမြင်ကြတယ်၊ 

တချို့ကကျတော့ အရေးမပါတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်မရှိ အပြစ်ရှာတာမျိုးလည်းရှိတယ်။ 


အဲ့လိုမျိုး အရေးမပါတာတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး လိုက်ပြောနေတာမျိုးကို 

အင်္ဂလိပ်စာမှာ Nitpick လို့ခေါ်ပါတယ်။ 


Meaning ~ to find faults in details that are not important 


Nitpick ကတော့ verb ဖြစ်ပါတယ်။ သူရဲ့ noun တွေကတော့ Nitpicking နဲ့ Nitpicker တို့ပဲဖြစ်ပါတယ်။ 


Nitpick  ~ ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်မရှိ အပြစ်ရှာခြင်း 


Nitcicker ~ ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်မရှိ အပြစ်ရှာသူ 


ပိုပြီး နားလည်သွားအောင် အောက်မှာ example sentence လေးတွေနဲ့ လေ့လာကြည့်ပါမယ်။ 


  • You're always nitpicking - it's so annoying!

နင်က အမြဲဆိုသလို အရေးမပါတာကို အပြစ်မရှိ အပြစ်ရှာနေတော့တာပဲ။ အဲ့လိုမျိုးကို သိပ်စိတ်ပျက်တာပဲ။  


  • He was getting impatient with his daughter's constant nitpicking.

သူကတော့ သူ့သမီးတောက်လျှောက်အပြစ်မရှိအပြစ်ရှာပြောနေတာကို စိတ်မရှည်ဖြစ်နေပြီ။ 


  • If you spent less time nitpicking, you'd get more work done.

မရေးမပါတာတွေကို အပြစ်ရှာပြောနေတာကို လျှော့မှ အလုပ်တွင်လိမ့်မယ်။ 


  • Nitpicking is not welcome in this office.

ဒီရုံးမှာတော့ အပြစ်မရှိအပြစ်ရှာ လိုက်ပြောနေတာမျိုးကို အားမပေးဘူး။ 


Ref: www.cambridge.org / sentencedict.com





No comments:

Post a Comment

Find your Element by Ken Robinson

  Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...