Thursday, January 28, 2021

Have you known what CEFR & A1, A2, B1, B2, C1, C2 mean?


 သင့်ရဲ့ အင်္ဂလိပ်စာ Level ဘယ်လောက်ရှိသလဲ သိပြီးပြီလား။


အင်္ဂလိပ်စာ စာအုပ်တွေမှာ ရေးထားလေ့ရှိတဲ့ A1, A2, B1, B2, C1, C2 ဆိုတာတွေကရော 

ဘာတွေလဲ ဆိုတာ သိပြီးပြီလား။ 


အင်္ဂလိပ်စာနဲ့ ပတ်သတ်ပြီး သူများတွေ ပြောပြောနေကြတဲ့ CEFR ဆိုတာကိုရော သိပြီးပြီလား။ 


မသိသေးဘူးဆိုရင်တော့ ဒီ post လေးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 



အရင်ဆုံး CERF ဆိုတာကို စပြောပြပါမယ်။ 


CEFR ဆိုတာကတော့ Common European Framework of Reference for Languages ရဲ့

 Initialism (ရှေ့ဆုံး စာလုံးတွေကိုပဲ ယူထားတဲ့ အတိုကောက်) ဖြစ်ပါတယ်။ 


CEFR ဟာ ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ကို ဖော်ပြတဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ 


CEFR ဟာ ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ကို အဆင့် (၆) ဆင့်နဲ့ ဖော်ပြပါတယ်။ 


အဲ့ဒိ အဆင့် (၆)ဆင့်ကတော့ 


(1)A1  


(2)A2 


(3) B1 


(4) B2 


(5) C1 


(6) C2  တို့ပဲ ဖြစ်ပါတယ်။ 

 

ပုံမှာတွေ့ရတဲ့အတိုင်း 


  • A1 & A2 ကတော့ Basic User ပဲ ဖြစ်ပါတယ်။ 


Cambridge English Qualifications Exam အရ A1 Level ဟာ Starters နဲ့ Movers Exams တွေကို 

ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ 


A2 Level ဆိုရင်တော့ Flyers နဲ့ KET (KEY English Test) စာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ 


  • B1 & B2 ကိုတော့ Independent User လို့ သတ်မှတ်ပါတယ်။ 


B1 Level အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ IELTS အမှတ်နဲ့ ပြောရမယ်ဆိုရင် 4.0 - 5.0 လောက်ရှိပါတယ်။ 

B1 Level အတွက် Cambridge English Qualifications Exam ကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင်တော့ 

PET (Preliminary English Test) စာမေးပွဲကို လေ့လာဖြေဆိုရမှာ ဖြစ်ပါတယ်။  

 

B2 Level အင်္ဂလိပ်စာ ကျွမ်းကျင်မှုက IELTS အမှတ်နဲ့ ပြောရမယ်ဆိုရင် 5.5 - 6.5 လောက်ရှိပါတယ်။ 

B2 Level အတွက် Cambridge English Qualifications Exam ကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင်တော့ 

FCE (First Certificate in English) စာမေးပွဲကို လေ့လာဖြေဆိုရမှာ ဖြစ်ပါတယ်။ 

 

  • C1 & C2 Level ကိုတော့ Proficient User လို့ သတ်မှတ်ပါတယ်။ 


C1 Level အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ IELTS အမှတ်နဲ့ ပြောရမယ်ဆိုရင် 7.0 - 7.5 လောက်ရှိပါတယ်။

 C1 Level အတွက် Cambridge English Qualifications Exam ကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင်တော့

 CAE (Certificate in Advanced English) စာမေးပွဲကို လေ့လာဖြေဆိုရမှာ ဖြစ်ပါတယ်။ 


C2 Level အင်္ဂလိပ်စာ ကျွမ်းကျင်မှုက IELTS အမှတ်နဲ့ ပြောရမယ်ဆိုရင် 8.0 - 8.5 လောက်အထိရှိပါတယ်။ 

C2 Level အတွက် Cambridge English Qualifications Exam ကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင်တော့ 

CPE (Certificate of Proficiency in English) စာမေးပွဲကို လေ့လာဖြေဆိုရမှာ ဖြစ်ပါတယ်။ 


အခုဆိုရင် CERF နဲ့ သူရဲ့ အဆင့် (၆)ဆင့်ဖြစ်တဲ့ A1, A2, B1, B2, C1, C2 ဆိုတာ

 ဘာတွေလဲ သိသွားပြီလို့ မျှော်လင့်ပါတယ်။ 


အဲ့တော့ ကိုယ်ကရော ဘယ် အဆင့်မှာပါလဲ သိဖို့အတွက် Cambridge University ရဲ့ official website မှာ 

အောက်ပါ link ကနေ Online Level Test ကို အခမဲ့ ဝင်ရောက်ဖြေဆိုလို့ရပါတယ်နော်။ 

ဖြေပြီးပြီးချင်း ကိုယ့် Level ကို ချက်ချင်းသိရမှာဖြစ်ပါတယ်။ 


https://www.cambridgeenglish.org/test-your-english/general-english/


Cambridge English Qualifications Exam တွေဖြစ်တဲ့ Starters, Movers, Flyers, KET, PET, FCE, 

CAE, CPEတို့ကို ဖြေဆိုချင်ရင်တော့ British Council မှာ register လုပ် စာမေးပွဲကြေးသွင်းပြီး ဖြေဆိုရမှာဖြစ်ပါတယ်။ 



Ref: www.cambridgeenglish.org 


No comments:

Post a Comment

Find your Element by Ken Robinson

  Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...