အင်္ဂလိပ်စာကို စာအုပ်တွေ ဖတ်ရှုလေ့လာပြီး formal ဆန်ဆန်လေ့လာလေ့ကျင့်ရတာငြီးငွေ့သွားတဲ့အခါ မိမိရဲ့ mobile phone ပေါ်မှာ application ကောင်းတာလေးတစ်ခုခုထည့်ထားပြီး informal learning လုပ်နေမယ်ဆိုရင်လည်း အင်္ဂလိပ်စာ တိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ အင်္ဂလိပ်စာ လေ့လာနေသူတို့အတွက်
ပျော်ပျော်ရွှင်နဲ့ ဂိမ်းကစားရင်း English exercises တွေလုပ်ပြီး ကိုယ့်ဘယ်လောက်ထိ တက်ကျွမ်းမှုရှိလဲဆိုတာ စမ်းစစ်ကြည့်နိုင်မယ့် application လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
အဲ့ဒါကတော့ British Council က ထုတ်တဲ့ Johnny Grammar's Word Challenge ဆိုတဲ့ application လေးပဲဖြစ်ပါတယ်။
ဒီ application မှာတော့
✅Grammar
✅Word
✅Spelling
ဆိုပြီး catagory သုံးခု ခွဲထားပြီး အဲ့ category သုံးခုနဲ့ ဆိုင်တဲ့ exercise တွေကို သတ်မှတ်ထားတဲ့ အချိန်အတွငိး အမြန်ဖြေရပါတယ်။ အချိန်ပြည့်သွားတဲ့အခါမှာတော့ မိမိရဲ့အဖြေတွေ မှန်သလား မှားသလား စစ်ဆေးကြည့်လို့ရပြီး များများမှန်ရင်တော့ badge တွေရမှာ ဖြစ်ပါတယ်။
စာအုပ်တွေနဲ့ exercise တွေလုပ်တာထက် ဒီapplicationပေါ်မှာ exercise လုပ်ရတာကို သဘောကျမိတဲ့ အချက်ကတော့ သူပေးထားတဲ့ timerနဲ့ မေးခွန်းတွေ အကုန်ပြီးအောင် အမြန်ဖြေရတော့ တစ်ခါတည်း speed reading practise လုပ်သလိုလည်း ဖြစ်ပါတယ်။
ပြီးတော့ word category မှာဆိုရင်လည်း topic အမျိုးမျိုးထပ်ခွဲပေးထားပြီး easy / Medium / Hard ဆိုပြီး level ပါ ရွေးဖို့ပေးထားတဲ့အတွက် ကိုယ့်က ဘယ်level ကိုတော့ အမှားမရှိအောင်ဖြေနိုင်လည်း ဆိုတာကြည့်ပြီး ကိုယ့်ရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို သိရှိနိုင်ပါတယ်။
အခုပြောပြထားတဲ့ application ကို အောက်ပါ link တွေမှာ download ရယူနိုင်ပါတယ်။
iOS >>> Johnny Grammar Word Challenge by British Councilhttps://apps.apple.com/us/app/johnny-grammar-word-challenge/id432488501
Android >>> https://play.google.com/store/apps/details?id=com.ubl.spellmaster&hl=en
No comments:
Post a Comment