Must-visit websites to improve your English
******************************************
1. https://learnenglish.britishcouncil.org/skills/listening
Learn English British Council website မှာတော့ သင်ခန်းစာတွေကို level အလိုက်ခွဲထားပြီး Beginner level A1 ကနေ Advanced level C1 အထိပါရှိတဲ့အတွက် မိမိနဲ့ကိုက်ညီတဲ့ level ကို လေ့လာနိုင်ပါတယ်။မိမိရဲ့ level ကို မသိပါကလည်း အောက်ပါ link မှာ online level test ဝင်ဖြေကြည့်လို့ရပါတယ်
https://learnenglish.britishcouncil.org/online-english-level-test
Skill လေးခုလုံးအတွက် သင်ခန်းစာတွေအပြင် Grammar , Vocabulary နဲ့ Business English သင်ခန်းစာတွေပါ လေ့လာနိုင်တဲ့ website ဖြစ်လို့ ဖူးကတော့ highly recommend ပါနော် ။ Listening skill lesson တွေမှာလည်း transcript လည်းဖတ်လို့ရလို့ listening အားနည်းသူများအတွက်လည်း အဆင်ပြေပါတယ်။ post-listening exercise တွေလည်း ပါပြီး answer key လည်းပေးထားလို့ practice လုပ်ပြီးတိုင်း ကိုယ်ဘယ်လောက်ထိ catch up လုပ်နိုင်လဲ သိနိုင်ပါတယ်။
2. https://www.bbc.co.uk/learningenglish/
BBC learning English website ကတော့ British English ကို လေ့လာဖို့အတွက် တကယ်အသုံးဝင်ပါတယ်။ သင်ခန်းစာတွေမှာလည်း level လေးတွေပြပေးထားလို့ မိမိ level နဲ့ ကိုက်ညီရာကို ရွေးချယ်လေ့လာနိုင်ပါတယ်။ Pronunciation, Grammar , Vocabulary တွေအပြင် British သတင်းစာတွေမှာ သုံးထားတဲ့ မှတ်သားစရာ အင်္ဂလိပ်စာအသုံးအနှုန်းတွေကို example sentence တွေနဲ့ ပြောပြပေးတဲ့ news video တွေကြည့်နိုင်သလို 6-minute English မှာလည်း topic အစုံပါလို့ မတူညီတဲ့ topic မျိုးစုံကို ရေးသားပြောဆိုဖို့အတွက် လိုအပ်တဲ့ topic-related vocabulary တွေလည်း အများကြီးရပါတယ်။ BBC news review နဲ့ 6-minute English ကတော့ ဖူးရဲ့ favouriteတွေ ပါပဲ။ 6-min Eng ကတော့ IELTS speaking improve ဖြစ်ချင်သူတွေ ကြည့်သင့်ပါတယ်။ အထူးသဖြင့် IELTS speaking part 3 မှာ ပြောရတဲ့ အကြောင်းအရာတွေက general topic တွေဖြစ်လို့ abstract ideas တွေကို discuss လုပ်ဖို့အတွက် 6 minute Eng က idea ပိုင်းကိုရော vocab ပိုင်းကိုရောကို အထောက်အကူပြုပါတယ်။
3. https://learningenglish.voanews.com/
VOA Learning English ကတော့ American English ကိုလေ့လာဖို့အတွက် website ကောင်းတစ်ခုပါပဲ။ news report video တွေအပြင် Pronunciation , Grammar , Vocabulary , Idiom စတာတွေကို video အတိုလေးတွေနဲ့ တင်ဆက်ထားလို့ လေ့လာရတာ မငြီးငွေ့ဘူးရယ်။ levelအလိုက်ခွဲထားတဲ့ video သင်ခန်းစာတွေလည်းရှိပြီး transcriptပါပေးထားလို့ လေပလာရတာလည်း အဆင်ပြေပါတယ်။ ပြီးတော့ ထူးခြားတာက အမေရိကန် ဇာတ်ကားတွေထဲက ကောင်းနိုးရာရာ အင်္ဂလိပ်စာ အသုံးအနှုန်းလေးတွေကို တင်ဆက်ထားပေးတဲ့ English at the movie ဆိုတဲ့ ၂ မိနစ်စာ video အတိုလေးတွေလည်းရှိလို့ လေ့လာရတာ စိတ်၀င်စားဖို့လည်းကောင်းပါတယ်။
4. https://www.cambridgeenglish.org/
ဒီ website မှာတော့ level မျိုးစုံအတွက် အကြောင်းအရာမျိုးစုံကို တင်ဆက်ထားတဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေကို လေ့လာနိုင်တဲ့အပြင် Cambridge English Assessment exams ( Starter, Mover, Flyer, KET, PET, FCE, CAE, CPE, IELTS ) ဖြေဖို့ပြင်ဆင်နေသူတွေအတွက် exam format တွေ၊ sample test တွေ ၊ answer keyတွေနဲ့ အခြား resources တွေကိုလည်းရယူနိုင်ပါတယ်။
5. https://www.engvid.com/
Native English teacher တွေသင်တဲ့ video lesson တွေကို ကြည့်ပြီး လေ့လာလိုသူများအတွက် အထူးသင့်လျော်ပါတယ်။ video lesson တွေကလည်း အတော်ကိုစုံပါတယ် ။ General English အတွက် pronunciation, vocabulary, grammar တွေအပြင် IELTS နဲ့ TOEFL preparation lesson တွေလည်း လေ့လာလို့ရပါတယ်။ ဖူးကတော့ ဒီ website ကိုအတော်လေးကြိုက်ပါတယ်။
6. https://www.ted.com/talks
အထူးသဖြင့် listening skill တိုးတက်ဖို့နဲ့ English accent မျိုးစုံကို လေလာ့ဖို့အတွက် ted talk တွေကို နားထောင်သင့်ပါတယ်။
ted talk မှာဆိုရင် မတူညီတဲ့ နယ်ပယ်ပေါင်းစုံက ပညာရှင်များကပြောထားတဲ့ အကြောင်းအရာမျိုးစုံကို လေ့လာခွင့်ရလို့ အင်္ဂလိပ်စာလည်းရ ဗဟုသုတလည်းရတဲ့အတွက် တကယ် အကျိုးရှိပါတယ် ။ မိမိနှစ်သက်ရာ ပညာရပ်နယ်ပယ်၊ အကြောင်းအရာကိုလည်း ရွေးချယ်နားထောင်လို့ရလို့ အဆင်ပြေပါတယ်။ ဖူးကတော့ linstening improve ဖြစ်ဖို့အတွက် တစ်နေ့ကို ted talk တစ်ပုဒ်နားထောင်ပါတယ်။ အဲ့ဒါကြောင့်လည်း IELTS listeningမှာ score ကောင်းခဲ့ပါတယ်။
အင်္ဂလိပ်စာဟာ language ဖြစ်လို့ အချိန်ခဏလေးအတွင်း တဟုန်ထိုး improve ချင်လို့တော့မရပါဘူး။ ဇွဲရှိရှိနဲ့ အမြဲစိတ်ဝင်တစားလေ့လာနေဖို့ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ website တွေမှာ အမြဲပုံမှန် လေ့လာနေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့တော့ အင်္ဂလိပ်စာစွမ်းရည် သိသိသာသာတိုးတက်လာပါလိမ့်မယ်။ Practice Makes Perfect ပါ။
အားလုံးပဲ အင်္ဂလိပ်စာ ထူးချွန်ကြပါစေ.....
Sharing is Caring ❤️
Kyal Sin Phu
1 May 2020
Subscribe to:
Post Comments (Atom)
Find your Element by Ken Robinson
Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...
-
Let your Weakness be your Strength It is true that we, human beings, are naturally endowed with both strengths and ...
-
Are you a left-handed or right-handed person? If you're the former, you are a southpaw then. Southpaw (ဘယ်သန်သမား) Meaning ~ a pers...
-
Challenges or Opportunities? It is often said that `` Life is not always a Bed of Roses´´. Certainly, each individual has to experience...
No comments:
Post a Comment