Do you have TIME for Success?
ဖူးတို့လူငယ်တွေဟာ ပညာရေးမှာဖြစ်စေ၊ အနာဂတ်အလုပ်အကိုင်မှာဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာဖြစ်စေ အောင်မြင်မှု ရရှိဖို့အတွက် အိမ်မက်တွေကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် ၊ best-selling author လည်းဖြစ်တဲ့ Julio A. Melara ရဲ့ Do You Have TIME for Success? ဆိုတဲ့ စာအုပ်မှ အောင်မြင်ချင်သူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အချက် ၄ ချက်ကို မျှဝေပေးချင်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အချိန်ဆိုတာကတော့ တန်ဖိုးအရှိဆုံး၊ အရှားပါးဆုံးနဲ့ အစားပြန်ထိုးလို့ မရတဲ့အရာဆိုတာ ငြင်းလို့မရပါဘူး။ ယနေ့ခေတ်မှာ လူတိုင်းကတော့ အလုပ်ကိုယ်စီ တာဝန်အသီးသီးနဲ့ မအားမလပ်ကြတာများပါတယ် ။ ဒါကြောင့်လည်း လူအများစုက "လုပ်စရာတွေက များလိုက်တာ ။ တစ်နေ့နဲ့တစ်နေ့ အချိန်လောက်တယ်ရယ်ကို မရှိဘူး"လို့ ပြောလေ့ရှိကြပါတယ်။ တချို့လည်း လုပ်စရာဘယ်လောက်များများ ရတဲ့အချိန်အတွင်း ပြီးမြောက်အောင်လုပ်နိုင်ကြပါတယ်။
လူတိုင်းကတော့ တစ်နေ့ကို ၂၄ နာရီပဲ အတူတူရကြတာပါ။ ဘယ်သူကမှ ပိုမရကြပါဘူး။ ဒါပေမယ့် ကိုယ်ရတဲ့အချိန်ကို ဘယ်လို စီမံခန့်ခွဲ အသုံးပြုသလဲအပေါ်မူတည်ပြီး အောင်မြင်သူနဲ့ မအောင်မြင်သူဆိုပြီး ဖြစ်လာကြတာပါ။ အချိန်စီမံခန့်ခွဲမှုနဲ့ပတ်သတ်ပြီး ထိရောက်တဲ့နည်းလမ်းလေးကတော့ မိမိတို့ရဲ့ အလုပ်တာဝန်တွေကို အရေးတကြီး အလျင်စလိုလုပ်ရမယ့်အလုပ်ကနေ အရေးသိပ်မကြီးတဲ့အလုပ်ရယ်လို့ အစဉ်လိုက် deadline နဲ့တကွ to-do-list ရေးထားပြီး တစိုက်မတ်မတ်နဲ့ တစ်ခုပြီးတစ်ခု လုပ်ဆောင်ဖို့ပါပဲ။ သင်ဟာ အောင်မြင်ချင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Time management skill အပြင် အချိန် (Time) ရဲ့ သော့ချက်လေး (key elements) တွေပါ ရှိနေသင့်တာပေါ့။
1. Talent (ပင်ကိုယ်စွမ်းရည်၊ ပါရမီ)
လူတိုင်းမှာကတော့ ပင်ကိုယ်စွမ်းရည် တစ်ခုမဟုတ် တစ်ခုတော့ ရှိကြပါတယ်။ အရေးကြီးဆုံးက ကိုယ်ဟာ ဘယ်နယ်ပယ်မှာ Talent ရှိသလဲဆိုတာကို ရှာဖွေဖော်ထုတ်ရပါမယ်။ ပြီးရင် ကိုယ့် Talent ရှိတဲ့ နယ်ပယ်ကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး ကြိုးစားလုပ်ကိုင်ဖို့ပါပဲ။ အကယ်၍ သင်ဟာ သီချင်းဆိုတဲ့နေရာမှာ talent ရှိတယ်ဆိုပါစို့။ သင်ဟာ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ရင် အောင်မြင်နိုင်ခြေများပြီး ရှေ့နေတစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ နယ်ပယ်အသီးသီက အောင်မြင်သူတွေမှာ တွေ့ရတဲ့ တူညီတဲ့အချက်တစ်ချက်ကတော့ ကိုယ့် talent ရှိတဲ့အလုပ်ကို ရွေးချယ်လုပ်ကိုင်ခဲ့လို့ပါပဲ။
2. Information (သတင်းအချက်အလက်)
သင်ဟာ မိမိ talent ရှိရာ နယ်ပယ်ကိုတွေ့ရှိပြီးပြီဆိုရင်တော့ အဲ့နယ်ပယ်ကို ဘယ်လိုဝင်ရောက်လုပ်ကိုင်ရမလဲ၊ အဲ့နယ်ပယ်မှာ အောင်မြင်စွာရပ်တည်ဖို့အတွက် အဲ့နယ်ပယ်နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်၊ ဗဟုသုတတွေရှိရပါမယ်။ သင်လိုအပ်တဲ့ သတင်းအချက်အလက်ကို ဘယ်ကနေ ရနိုင်မလဲဆိုတာကိုလည်း သိနေရပါမယ်။ များသောအားဖြင်တော့ သင်ဟာ သင်လုပ်ကိုင်လိုတဲ့ နယ်ပယ်နဲ့ ပတ်သတ်တဲ့ စာအုပ်ကောင်းတွေ ဖတ်ရှုလို့ ၊ Internet ကို ကောင်းကောင်းအသုံးချပြီး အဲ့နယ်ပယ်မှာ အောင်မြင်နေတဲ့သူတွေရဲ့ အတွေ့အကြုံကို google တို့ Youtube တို့မှတစ်ဆင့် လေ့လာပြီးတော့လည်း လိုအပ်တဲ့ သတင်းအချက်အလက်ကို ရရှိနိုင်ပါတယ်။ သို့မဟုတ် workshop နဲ့ seminar တွေတက်ပြီး ဝင်ရောက်ဆွေးနွေးရင်လည်း သိလိုတဲ့အချက်အလက်တွေကို စုဆောင်းလို့ရပါတယ်။
3. Motivation (စိတ်ရဲ့ လှုံ့ဆော်မှု)
အောင်မြင်လိုသူတစ်ယောက်ဟာ မိမိချမှတ်ထားတဲ့ goals တွေကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် motivation ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ motivation ရှိနေမှသာ အခက်အခဲတွေနဲ့ တွေ့ကြုံတဲ့အခါလည်း အရှုံးမပေးဘဲ စိတ်ရောကိုယ်ပါနစ်ပြီး အဆုံးထိ တစ်စိုက်မတ်မတ် ကြိုးစားနိုင်မှာဖြစ်ပါတယ်။
4. Enthusiasm (စိတ်အားထက်သန်မှု)
အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ဆိုရင် သင်ဟာ သင်လုပ်ကိုင်နေတဲ့အလုပ်ကို တကယ်နှစ်သက်မြတ်နိုးပြီး စိတ်အားတက်ကြွမှုအပြည့်နဲ့ စိတ်ဝင်တစား လုပ်ကိုင်ဖို့လည်း အရေးကြီးပါတယ်။ သင်ကိုယ်တိုင် စိတ်အားထက်သန်မှုအပြည့်နဲ့ လေ့လာသင်ယူလုပ်ကိုင်နေမှသာ သင့်ရဲ့ စွမ်းဆောင်ရည်ကို လူအများက ယုံကြည်လက်ခံမှာဖြစ်ပါတယ်။
Translated by Kyal Sin Phu
Sharing is Caring ❤
28 February 2020
Ref : Do You Have TIME for Success? by Julio A. Melara
Subscribe to:
Post Comments (Atom)
Find your Element by Ken Robinson
Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...
-
How do you define Happiness? There is no one in the world who does not want to be happy in life. Everyone regardless of na...
-
Let your Weakness be your Strength It is true that we, human beings, are naturally endowed with both strengths and ...
-
📌 Take over Meaning : to take control of something (တာဝန်လွှဲပြောင်းမှု ရယူ) e.g. David has taken over as the new manager of the foot...
No comments:
Post a Comment