Monday, May 4, 2020

Similar but Different

Similar but Different
**********************

ဒီနေ့တော့ အင်္ဂလိပ်စာမှာ spelling လေးတွေက အမှတ်တမဲ့ကြည့်လိုက်ရင် ခပ်ဆင်ဆင်နဲ့ တူတယ်ထင်ရပေမယ့် တကယ်သေချာကြည်ရင်တော့မတူတဲ့အပြင် ဆန့်ကျင်ဘက် အဓိပ္ပာယ်ပါရှိနေတဲ့ စကားလုံးလေး (၆ )လုံး ကိုပြောပြပေးချင်ပါတယ်။

( spelling ရော pronunciation ရော လုံး၀တူနေပြီး အဓိပ္ပာယ်မတူတဲ့ အင်္ဂလိပ် စကားလုံးလေးတွေကိုတော့ Homonym လို့ခေါ်ပါတယ်။ အခုပြောမှာကတော့ Homonym မဟုတ်ပါဘူး ။ လုံး၀မတူဘဲ ခပ်ဆင်ဆင်ဖြစ်နေတဲ့ စကားလုံးလေးတွေကို ပြောပြမှာပါ ။ Homonym ကတော့ နောက်ရက်တင်ပေးမယ့် postမှာ ပြောပြပေးပါမယ်။ )

အရင်ဆုံးပြောပြပေးချင်တဲ့ ခပ်ဆင်ဆင် စကားလုံးလေး  (၂ )လုံးကတော့ ...

 👉 Appalling  Vs  Appealing

 Appalling ကိုတော့ မကာင်းတာ ၊ အတော်လေး ဆိုရွားတဲ့အကြောင်းအရာတွေကို ပြောဆိုတဲ့အခါမှာသုံးပါတယ်။

📍Appalling ( adj ) shocking ; extremely bad

e.g. The prisoners were living in appalling conditions.

The bus service is quite appalling.

Appealing ကိုတော့ နှစ်လိုဖွယ်ကောင်းတာ ၊ စိတ်၀င်စားဖို့ကောင်းတာလို့ပြောချင်ရင် သုံးလို့ရပါတယ်။

📍 Appealing ( adj ) attractive or interesting

e.g. She found spending the holidays in Britain really appealing.

These toys are immediately appealing to children.

နောက်ထပ်ပြောပြပေးချင်တဲ့ စကားလုံးလေး ( ၂ )ခုကတော့ .........

 👉 Terrible Vs Terrific

Terrible ကိုတော့ မကောင်းတဲ့ ၊ အတော်လေး ဆိုးရွားတဲ့ စိတ်ပျက်ဖွယ် အ​ကြောင်းအရာ အခြေအနေတွေကို ပြောရာမှာသုံးပါတယ်။

📍Terrible ( adj ) very unpleasant; making you feel very unhappy, upset or frightened

e.g. We had a terrible meal at the restaurant.

You will be in terrible trouble if you are late again.

Terrific ကိုတော့ အရမ်းကောင်းတယ်လို့ ပြောဆိုလိုတဲ့အခါမှာ သုံးပါတယ်။

📍 Terrific ( adj ) excellent ; wonderful

e.g. I feel absolutely terrific today.

You look terrific in that dress.

She is doing a terrific job.

နောက်ဆုံးပြောပြပေးချင်တဲ့ ခပ်ဆင်ဆင် စကားလုံး ( ၂ ) လုံးကတော့.....

👉 Awful Vs Awesome

📍Awful ( adj ) very bad or unpleasant

e.g. The weather last summer was awful.

He has never known the awful horrors of wars.

📍Awesome ( adj ) very good, enjoyable, impressive, etc

e.g. There are scenes of awesome beauty in the film.

The show was just awesome.

Sharing is Caring ❤️
Kyal Sin Phu
4 May 2020

Ref : Oxford Advanced Learner's Dictionary


No comments:

Post a Comment

Find your Element by Ken Robinson

  Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...