Wednesday, May 13, 2020

5 English Sayings You Should Know

5 English Sayings You Should Know
***********************************

📌1. As you sow, so shall you reap

Meaning - The way you behave in life will affect the treatment you will receive from others

ဒီ saying လေးကိုတော့ ကိုယ်က ကောင်းတာလုပ်ရင် ကောင်းကျိုးပြန်ခံစားရမယ် ၊ မကောင်းတာလုပ်ရင်လည်း တူသောအကျိုးပြန်ခံစားရမယ်ဆိုတဲ့ သဘောကို ရည်ညွှန်းတဲ့ အခါ သုံးပါတယ်။ မြန်မာစကားမှာပြောတဲ့
``ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်´´ဆိုတာနဲ့ သဘောချင်း တူပါတယ်။

📌2. A Blessing in Disguise

Meaning - An apparent misfortune eventually has good results.

ဒီ saying လေးကိုတော့ ကိုယ့်အတွက် အစပိုင်းမှာ ဆိုးလိုက်တာလို့ သတ်မှတ်ထားတဲ့ အခြေအနေတစ်ခုဟာ နောက်ဆုံးမှာ  အကောင်းဘက်ကို ရောက်သွားတဲ့အခါ သုံးပါတယ်။

📌3. Fortune favors the bold.

Meaning - People who bravely go after what they want are more successful than people who try to live safely.

ဒီ saying လေးကတော့ ရဲရဲရင့်ရင့်နဲ့ လုပ်ဆောင်နိုင်သူက ကြောက်ပြီးဘာမှမလုပ်ရဲသူထက် ပိုပြီးအကျိုးဖြစ်ထွန်းမှုရှိတယ်ဆိုကို ရည်ညွှန်းပါတယ်။ မြန်မာစကားပြောတဲ့ ``ကြောက်လွဲရဲမင်းဖြစ်´´ဆိုတဲ့ သဘောချင်းတူပါတယ်။

📌4. Too many cooks spoil the broth.

Meaning - When there are too many people trying to lead and give their opinions, it's confusing and leads to bad results. Jobs and projects should have one or two strong leaders.

ဒီ sayingလေးကိုတော့  ခေါင်းဆောင်မယ့် ဆရာတွေအများကြီးရှိတဲ့အခါ idea တွေများပြီး အလုပ်မဖြစ်ဘူးဆိုတာကို ရည်ညွှန်းပါတယ်။ မြန်မာစကားမှာပြောတဲ့ ``ဆရာများသားသေ´´ ဆိုတဲ့သဘောပါပဲ။

📌5. You can't make an omelette without breaking eggs.

Meaning - It is hard to achieve something important without causing unpleasant effects.

ဒီ saying လေးကတော့ ကိုယ်ကအောင်မြင်မှုတစ်ခုခုကို ရဖို့ဆိုရင် တစ်ခုခုတော့ပြန်ပေးဆပ်ရတယ်ဆိုတာကို ရည်ညွှန်းပါတယ်။ မြန်မာစကားမှာတော့ ``အနာခံမှ အသာစံရ ´´လို့ပြောကြပါတယ်။

Sharing is Caring ❤️
Kyal Sin Phu
13 May 2020






1 comment:

Find your Element by Ken Robinson

  Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...