တချိုက မိမိလုပ်စရာရှိတဲ့ လုပ်သင့်တဲ့ အလုပ်တစ်ခုကို မလုပ်ချင်တဲ့အခါ ဆင်ခြေတစ်ခုခုပေးပြီး မလုပ်ရအောင် ရှောင်လွှဲလေ့ရှိပါတယ်။ အဲ့လိုမျိုး ပေးတဲ့ ဆင်ခြေတွေထဲက တစ်ခုကတော့ အမှန်တကယ် နေကောင်းပါလျက်နဲ့ နေမကောင်းဘူးလို့ လိမ်ညာပြောတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကလေးတွေဆို ကျောင်းမသွားချင်လို့သော်လည်းကောင်း အိမ်စာမလုပ်ချင်လို့သော်လည်းကောင်း နေမကောင်းဘူးလို့ လိမ်ညာဆင်ခြေပေးကြသလို လူကြီးတွေကတော့ အလုပ်မသွားချင်တဲ့အခါမှာဖြစ်စေ နေမကောင်းဘူးလို့ လိမ်ညာဆင်ခြေပေးကြပါတယ်။
အဲ့လိုမျိုး ကိုယ်လုပ်ရမယ့် တာဝန်တစ်ခုကို မလုပ်ချင်လို့ နေမကောင်းဘူးလို့လိမ်ပြောတာကို အင်္ဂလိပ်ဘာသာစကားမှာတော့
Sickie
လို့ပြောပါတယ်။


Meaning ~ a day when a worker says they are ill when they are not, in order to stay at home and not go to work
Sickie ရဲ့ collocation (Sickie နဲ့ တွဲသုံးလေ့ရှိတဲ့ စကားလုံးတွေ့ကတော့ ..... 






Example sentence တွေကို လေ့လာကြည့်ပါမယ်
E.g. David took a sickie on Monday to paint his
fence.
David က သူ့ခြံစည်းရိုးကို ဆေးသုတ်ဖို့အတွက် တနင်္လာနေ့က နေမကောင်းဘူးလို့ အကြောင်းပြပြီး အလုပ်မသွားဘဲ အိမ်မှာပဲ နေခဲ့တယ်။
E.g. He took a sickie to go to the football game.
သူက ဘောလုံးပွဲသွားကြည့်ဖို့အတွက် နေမကောင်းဘူးလို့ ကြောင်းပြပြီး အလုပ်ဘူးလေ။
E.g. Elsa pulled a sickie and went to see a film.
အယ်ဆာကတော့ နေမကောင်းဘူးလို့ အကြောင်းပြပြီး အလုပ်မသွားဘဲ ရုပ်ရှင်သွားကြည့်ပါလေရော။
E.g. She didn't feel like work so she threw a sickie.
သူမကတော့ အလုပ်မလုပ်ချင်တာနဲ့ပဲ နေမကောင်းဘူးလို့ အကြောင်းပြပြီး အလုပ်မသွားဘဲ အိမ်မှာပဲ နေခဲ့တယ်။


No comments:
Post a Comment