Go To ဆိုတာကတော့ အားလုံး သိထားကြတဲ့အတိုင်း "သွားတယ်ပေါ့"။ 
ဒါပေမယ့် Go နဲ့ To ကြားမှာ hypen (-) လေးထည့်လိုက်တာနဲ့ အဓိပ္ပာယ်ဟာ သွားတယ်ဆိုတာ မဟုတ်တော့ဘဲ လုံးဝ ပြောင်းသွားပါတယ်။ 
Go-To ဟာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုက အခြေအနေတစ်ခုအတွက် အသင့်တော်ဆုံး ၊ အကောင်းဆုံး ဖြစ်လို့ အဲ့ကိစ္စနဲ့ ပတ်သတ်လာရင် အားကိုးအားထားပြုရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်ပါတယ်။ 
Meaning ~ used to denote a person or thing that may be relied on or is regularly sought out in a particular situation. (Oxford Dictionary)
Meaning ~ used to describe the best person, thing, or place for a particular purpose or need (Cambridge Dictionary) 
e.g. He seems to have become the go-to guy for working with kids and animals. 
ကလေးတွေ၊ animals လေးတွေနဲ့ ပတ်သတ်ပြီး လုပ်ရတဲ့ အလုပ်ဆိုရင် သူက အသင့်တော်ဆုံးလူ ဖြစ်လာသလိုပါပဲ။ 
e.g. For 20 years, Wild Mountain was the go-to store for outdoor enthusiasts.
Wild Mountain ဟာ အပြင်သွားလာလှုပ်ရှားမှုတွေကို နှစ်သက်သူတို့ အားထားရာ စတိုးဆိုင်တစ်ခုဖြစ်ခဲ့တာ နှစ် (၂၀) ရှိပါပြီ။ 
e.g. He is a go-to politician for all federal matters. 
သူက ဖယ်ဒရယ်ကိစ္စရပ်တွေနဲ့ ပတ်သတ်လာရင် အတော်ဆုံး နိုင်ငံရေးသမားတစ်ယောက်ပါပဲ။ 
e.g. Maurice's is one of the go-to bakeries in town.
Maurice's ဟာ မြို့ထဲက အကောင်းဆုံး backery တွေထဲက တစ်ခုပေါ့။ 

 
 
 
 
No comments:
Post a Comment