အင်္ဂလိပ်စာ လေ့လာနေသူတွေအနေနဲ့ စကားလုံးတွေကို သေချာမှန်မှန်ကန်ကန် အသံထွက်နိုင်ဆိုရင် Phonetic Symbols လေးတွေကို ဖတ်တတ်ဖို့လည်း လိုပါတယ်။
Phonetic Symbols ဆိုတာကတော့ အလွယ်ပြောရရင် Dictionary ကိုကြည့်တဲ့အခါ ဒီစကားလုံးကို အသံဘယ်လိုထွက်ရမလဲဆိုတာကို ညွှန်ပြထားတဲ့ အမှတ်သင်္ကေတလေးတွေပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် ကိုယ်က Dictionary မှာ teacher လို့ရိုက်ထည့်လိုက်ရင် /ˈtiːtʃə/ ဒါမျိုး အသံထွက် သင်္ကေတလေးကို တွေ့ရမှာဖြစ်ပါတယ်။
အဲ့တော့ ကိုယ်က ဒီလိုမျိုး အသံထွက်သင်္ကေတ (phonetic symbols) လေးတွေကိုသာ ဖတ်ထားတတ်မယ်ဆိုရင် အသံထွက်ကို နားမထောင်ရင်တောင် မှန်ကန်အောင် အသံထွက်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
International Phonetic Alphabet (IPA) chart အရ phonetic symbols လေးတွေကို အဓိကအားဖြင့်
- Consonants (consonant အသံထွက်စေတဲ့ အသံသင်္ကေတ)
- Vowels (vowel အသံထွက်စေတဲ့ အသံသင်္ကေတ)
- Diphthongs (syllable တစ်ခုတည်းမှာ vowel နှစ်ခုကိုပေါင်းထားပြီးထွက်တဲ့ အသံကို ဖော်ပြတဲ့ အသံသင်္ကေတ) ဆိုပြီး (၃) မျိုး ခွဲပါတယ်။
အသေးစိတ်ပြောပြမယ်ဆိုရင်တော့ တစ်ခုချင်းစီမှာ ထပ်ပြီးတော့ အမျိုးအစားတွေ ပြန်ခွဲပါသေးတယ် (post အရမ်းရှည်သွားမှာစိုးလို့ အသေးစိတ်ထပ်ခွဲတာကို ထည့်မပြောတော့ပါ)
အဲ့တော့ အသံထွက်မှန်ကန်ဖို့အတွက် phonetic symbols လေးတွေကို လေ့လာချင်တဲ့သူတွေအတွက် British Council က ထုတ်ထားတဲ့ application လေးတစ်ခုကို ပြောပြပေးပါမယ်။
အဲ့ဒါကတော့ ပုံမှာပြထားတဲ့ Learn English Sounds Right ဆိုတဲ့ app လေးပဲဖြစ်ပါတယ်။
ဒီ App က သုံးရတာလည်း လွယ်ကူပါတယ်။
App ထဲကို ဝင်လိုက်တာနဲ့ Phonemic Chart ကိုတွေ့ရမှာဖြစ်ပြီး Consonants ရယ် Vowelsရယ် Diphthongs ရယ်ကို သူ့အမျိုးအစားနဲ့သူ ပြန်ခွဲပြထားပါတယ်။
ပြီးတော့ symbol တစ်ခုချင်းစီကို နှိပ်လိုက်တာနဲ့ အဲ့symbol ကို သုံးပြီး အသံထွက်တဲ့ စကားလုံး (၃) လုံးကို example ပြထားတာတွေ့ရမှာဖြစ်ပြီး အဲ့စကားလုံးတစ်ခုချင်းစီကိုထပ်နှိပ်လိုက်ရင် အသံထွက်ပါ နားထောင်လို့ရတဲ့အတွက် လေ့လာရတာ လွယ်ကူပါတယ်။
App ကို အောက်ပါ link တွေကိုနှိပ်ပြီး download ရယူနိုင်ပါတယ်။
Resources at your Finger Tips!
Sharing is Caring...
Kyal Sin Phu
No comments:
Post a Comment