Sunday, March 28, 2021

Don't Forget to let your Hair Down

 

ခုတလော အလုပ်တွေများနေလို့ အေးအေးဆေးဆေး အနားမယူဖြစ်တာနဲ့ ပတ်သတ်ပြီး English Proverb တစ်ခုကို သွားပြီး စဉ်းစားမိတယ်။ အဲ့ဒါကတော့
All work and no play makes Jack a dull boy ဆိုတာပဲဖြစ်ပါတယ်။ 
 
Meaning ~ constant work without rest or relaxation is harmful to one's personal life and well-being.
အဓိပ္ပာယ်ကတော့ အနားယူခြင်းမရှိဘဲ အလုပ်မှအလုပ် ဆက်တိုက်လုပ်နေတာက ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရွှင်လန်းမှုကို ထိခိုက်စေတယ်ဆိုတာပါပဲ။ 
 
အဲ့ Proverb လေးအကြောင်းကို တွေးမိရင်း အလုပ်ဘယ်လောက်များများ အနားယူချိန် / Me-time ရယ်လို့ ရှိမှ စိတ်ကြည်လင်ပြီး ပိုလို့ productive ဖြစ်မယ် ရလဒ်ကောင်းတွေရမယ်ဆိုတာကို သတိချပ်မိတယ်​။ တစ်ချိန်တည်းမှာပဲ အနားယူ အပန်းဖြေတာနဲ့ ပတ်သတ်တဲ့ အင်္ဂလိပ်စာ ဝေါဟာရ / စကားစုလေးတွေကို မျှဝေပေးချင်တဲ့ စိတ်ကြောင့် အနားမယူဘဲ ဒီ post လေးကို ရေးဖြစ်သွားတယ်။
 
အဲ့တော့ ရည်ရွယ်ချက်အတိုင်း အနားယူ အပန်းဖြေတာနဲ့ ပတ်သတ်တဲ့ အင်္ဂလိပ်စာ ဝေါဟာရ / စကားစုလေးတွေကိုပဲ ဆက်ပြောပါမယ်
 
အနားယူ အပန်းဖြေတာနဲ့ ပတ်သတ်ပြီး Take a rest တို့ Relax တို့ကို အများအားဖြင့် သုံးကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အသုံးများပေမယ့် လူသိနည်းမယ်လို့ ယူဆရတဲ့ အခြားသော အင်္ဂလိပ်စာ ဝေါဟာရ / စကားစုလေးတွေကို မျှဝေပေးချင်ပါတယ်။
 
အဲ့ဒါတွေကတော့.....
  • Let Your Hair Down
e.g. We need a place where young folk can let their hair down and enjoy themselves.
လူငယ်တွေ အေးအေးဆေးဆေး အပန်းဖြေအနားယူလို့ရတဲ့ နေရာတစ်ခုတော့ လိုအပ်တယ်။
 
  • Let Yourself Go
It's a party - let yourself go!
ပါတီပွဲလေကွာ အေးဆေး အနားယူရင်းကဲကြတာပေါ့။
  • Chill Out
I'm just chilling out in front of the TV.
ငါတော့ TV ရှေ့မှာ အေးဆေးအနားယူနေတာပဲ။
  • Unwind
A glass of wine in the evening helps me to unwind after work.
ညနေဘက် ဝိုင်လေးတစ်ခွက်သောက်လိုက်ရတာက အလုပ်တွေလုပ်အပြီးမှာ ငါ့အတွက် အပန်းဖြေစရာပါပဲ။
 
  • Wind Down
When he goes on holiday, it takes him the first couple of days just to wind down.
သူက အားလပ်ရက် ခရီးထွက်တဲ့အခါ ပထမဆုံး (၂)ရက်လောက်ကတော့ အနားယူရတာပဲ။
 
  • Let Off Steam
She jogs after work to let off steam.
သူမက အလုပ်ပြီးတဲ့အခါ စိတ်လက်ပေါ့ပါးဖို့အတွက် ဖြေးဖြေးမှန်မှန် ပြေးပါတယ်။
  • Downtime
He has three kids, so downtime is scarce.
သူက ကလေးသုံးယောက်ရှိတော့ အနားယူအပန်း​ဖြေချန်ဆိုတာ ခပ်ရှားရှားရယ်။
အနားယူ အပန်းဖြေရာမှာ သုံးတဲ့ အင်္ဂလိပ်စာ ဝေါဟာရတွေ စကားစုတွေကိုတော့  လေ့လာဖြစ်သွားပြီ။ အဲ့တော့ အနားယူဖို့ မမေ့နဲ့နော်....
Don't forget to let your hair down !
 
Ref: Macmillan Dictionary / Collins Dictionary / Cambridge Dictionary

Sharing is Caring 
Kyal Sin Phu
30 Nov 2020


No comments:

Post a Comment

Find your Element by Ken Robinson

  Are you wondering what your element is and how to find your element? Here're some insights shared by Ken Robinson. "To be in your...